Monday, July 23, 2007

ကျနော်နှင့် ဖိုင်လ်ဖျောက် ကောင်ကောင်

ကျနော်ခံစားရဖူးတယ်..ဖျောက်ထားတဲ့ ဖိုင်လ်တွေကို ပြန်ဖော်တဲ့ နေရာလေးတွေ Trojan လား spyware လား virus ကြောင့်လား တော့မသိဖူး...ပျောက်သွားတယ်...အဲ့ဒီတော့ကွန်ပြုတာရဲ့ မလိုတဲ့ဖိုင်လ်တွေကို ဖျက်တဲ့နေရာမှာ အခက်အခဲဖြစ်တာပေါ့ Virus Scan လည်းစစ်လို့ မရတော့ဖူး..
စက်ကလည်း သုံးရတာလေးပြီးထိုးကျသွားတယ်..CPU useage ကိုလည်း ကြည့်လို့ မရတော့ဖူး...
Task Manger ပါဂေါက်သွားလို့ ...။ window အသစ်လည်းပြန်တင်လို့ မရတဲ့ အခြေအနေဆိုတော့
စဉ်းသာ...စားကြည့်ပေတော့...။

တတ်သလောက်မှတ်သလောက်လေးနဲ့  regedit.exe တို့  gpedit.msc တို့ services.msc တို့ ကနေ ပြန်ဖော်ကြည့်တာပဲ ယဖူး....ကောင်ကောင်တွေက ခေါင်းမာနေတယ်...ပြန်ပြန်ဖွက်ထားကျတယ်..အဲ့ဒီတော့ ပစ္စည်းဝှက်တမ်း ကစားနေသလို ဖြစ်နေတာပေါ့...ကြာတော့ မောလာတယ်..ကစားချင်တော့ဖူး...။ ညီ၊ကို တို့ ကော..ကြုံဖူးလား...အဲဒီလို...?။ ဒါနဲ့ တစ်နေ့ ဂုဂဲလ် မှာရှာရင်းဖွေရင်း...တွေ့ သွားတယ်...
ဒန်တန့် တန့် ..။မယမက သူ့ ကိုအတင်းဆွဲခေါ်ပြီး ဟိုကောင် ကောင် တွေနဲ့ ပေးတွေ့ လိုက်တယ်....အဲ့ဒီ့ကောင်ကောင်တွေက
သူ့ ကျတော့ကြောက်သား...အားလုံးကိုပြန်ဖော်ပေးရတယ်......။ခုတော့နေလို့ ထိုင်လို့ ကောင်းသွားပီ...ဆေးလဲထိုးယတော့ဖူး...ဆေးလဲသောက်ယတော့ဖူး...အဲ့ဒါ ထက်လင်း (အဲလေ) RRT 1.0.4 Personal ဆောင်လို့ ပေါ့..။
အဲ့ဒါလေးကို ကိုယ့် ညီ၊ကို တွေကိုပြန်ရှဲချင်လို့ ...။

တစ်ကယ်တော့ ဒါက hidden restrictions removal tool လေးပါ..ဗိုင်းရစ်ကြောင့်ဖြစ်ဖြစ်၊ အသုံးပြုသူကြောင့်ပဲဖြစ်ဖြစ်..၊window system ပျက်သွားလို့ ပဲဖြစ်ဖြစ် အရင်တုန်းကပေါ်နေကျ
Folder option တို့ 
Hidden files function တို့ 
Tesk Manager တို့ 
Run command တို့ 
Window Firewall တို့ 
Show Desktop တို့ 
Show Task bar တို့  အလုပ်မလုပ်၊ မပေါ်ပဲပျောက်သွားတာတို့ ကို ကုစားပေးတာပါ..

တစ်ခုခုကို ပြောင်းလိုက်ပြီးတိုင်း ကွန်ပြုတာကို ပိတ်ပြီးပြန်ဖွင့်ပေးရပါ့မယ်...

ဒီလင့်လေးမှာဒေါင်းလုပ်လိုက်ပါဗျ.....Remove Restriction Tool 1.0.4 Personal

1 comment:

Anonymous said...

Oi, achei teu blog pelo google tá bem interessante gostei desse post. Quando der dá uma passada pelo meu blog, é sobre camisetas personalizadas, mostra passo a passo como criar uma camiseta personalizada bem maneira. Se você quiser linkar meu blog no seu eu ficaria agradecido, até mais e sucesso.(If you speak English can see the version in English of the Camiseta Personalizada.If he will be possible add my blog in your blogroll I thankful, bye friend).

© New Blogger Templates | Webtalks