Friday, September 21, 2007

ဆောင်းတွင်းအေးအေး

ခုတေလော..ကွန်နက်ရှင်ကလည်းကျ....အရှုပ်တွေကလည်းများ..(အဲလေ..အလုပ်တွေ..ပြောပါတယ်..)..ဘလောခ့်ကလည်း လှစေချင်လို့ ပြင်ပါတယ်ဆိုမှ...အပူဖုထွက်ပြီး ၀က်ခြံပေါက်သွားတယ်...ရေးမိရေးရာရေးတတ်တဲ့ ပေါက်ပေါက်ဆုပ်လေး တက် သွားတယ်ဆိုတော့..ဘာများဖြစ်တာလဲလို့ ..သူ့ ဆီသွားကြည့်တာ....(လိုအပ်ရင် ခြေမလေးဘာလေး ချိုး နှာခေါင်းလေး ဘာလေးပိတ်ပေးရအောင်လို့ ပေါ့..) နောက်တော့မဟုတ်ပါဘူး.... "လွန်အေးလှတဲ့ ဆောင်းည" အကြောင်းတဲ့....အဲ့ဒါရေးရမယ်တဲ့...

ရေးမယ်ရေးမယ်နဲ့ ..အချိန်ဆွဲနေလိုက်တာ...ဆောင်းတွင်းတောင်ရောက်တော့မယ်...ဟိဟီ...ဆောင်းညဆိုလို့ ... ဟိုးတုန်းက တောင်ကုတ်မြို့ ရဲ့ ညလေးတစ်ည မှာပေါ့.. စစ်တွေဘက်သွားရင်း.. မိုးအရမ်းချုပ်သွားလို့  တောင်ကုတ်မြို့  ရဲ့  ဂိတ်ဝင် ၀မှာ..ညအိပ်ခဲ့ရတဲ့နေ့  လေးပေါ့... ဆောင်းညဆိုတော့ မြုတွေကျပီး ပိန်းပိတ်အောင် ဖြုနေလိုက်တာ ကိုယ့် ရှေ့ လက်တစ်ကမ်း လောက်ကိုပဲ သေချာမြင်ရတဲ့ အချိန်ကြီးလေ...။ အဲ့ဒီ့ညက စားခဲ့ရတဲ့ ပူပူနွေးနွေးထမင်း နဲ့ ..ရခိုင်ဗူးသီးကာလသားဟင်းချက်ကို ခုထိမမေ့သေးဘူး...တော်တော်ကောင်းတာဗျ..အဲ့ဒီ့ညစာစားပြီး ဒီလောက်အေးတဲ့ညမှာ အနွေးထည်ဝတ်စရာ မတော့ဘူး... ။ဘာလို့ လည်းဆိုတော့ သူက ဗူးသီးကာလသားချက်ဆိုပေမယ့် ဟင်းခတ်လိုက်တိုင်း ငရုတ်သီးဖတ်က ဗူးသီးကို အလှည့်ကျော်ပြီး ပါပါလာတာကိုး.. ပြီးတော့လည်း ချက်ထားတာပူပူလေးဆိုတော့...အငွေ့ တထောင်းထောင်းနဲ့ ။ ထမင်းကလည်းကြည့်အုံး..ခုမှအိုးပေါ်ကချတာ..ပြီးရော... ။ သောက်မိလိုက်တဲ့ရေက တစ်အိုးလောက်ရှိမယ်နဲ့  တူတယ်....။ချမ်းအေးလွန်းတဲ့ တောင်ပေါ်ညကြီးမှာ အနွေးထည်ဝတ်စရာတောင်မလိုဘူး...အိပ်ခါနီးကားပေါ်ကတွေ့ ရတဲ့ မီးစုန်းတွေက လည်း အကြီးကြီးပဲ.. အရမ်းလှတာ ဒါပေမယ့်အဲ့တုန်းက ကျနော်က ငယ်သေးတော့ ကြောက်စရာကြီးတွေပေါ့.. ဟိုဟိုဒီဒီလျှောက်သွားနေတာ..လေ..။နောက်တော့ အရင်တုန်းက ရှိခဲ့တဲ့ ရေကျော်ပွဲ...တွေကိုပေါ့..။အဲ့ဒီ့နေ့ တွေကျရင် ညီအကို တွေ သူငယ်ချင်းတွေနဲ့  ပွဲဈေးထဲ လျှောက်ပတ်ကြည့်ခဲ့ရတဲ့ ညတွေ...လေ...။ အဲ့တုန်းက ဆိုရင်..ညီအကိုလေးယောက် စုမိမှ ၂၀၀ လောက်ပဲပါတာ.. ပွဲဈေးထဲလျှောက်လည်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်...။ ရေမုန့် တို့  ကောက်ညှင်းကျည်တောက်တို့ ... မုန့် ဗိုင်းတောင့်တို့ ထမနဲထိုးတို့ ..မုန့် လင်မယားတို့  ဘူးသီကြော်တို့ ဆိုတာ စားဖို့ ဝေလာဝေး..အနားတောင်မကပ်နိုင်ဘူး.... ဒါနဲ့  ဈေးပွဲထဲရောက်ပြီဆိုတာနဲ့ .. မထူးဇာတ်ခင်းပြီး မျှားသွာပစ်ကြတယ်....နတ်ကောင်းနတ်မြတ်တွေက စောင့်မကြည့်ရှုတယ်ထင်ပါတယ်..(ဒါမှမဟုတ် ပစ်လိုက်တဲ့မျှားက သူတို့ ကို ထိသွားလို့ လားမသိ) ၂၀၀ ဖိုးရင်းလိုက်တာ ၄၀၀၀ တောင်ရတယ်...ဒိုင်လုပ်တဲ့လူတွေကတော့ မျက်ထောင့်နီတွေနဲ့ ကြည့်နေတာပေါ့...။ဘာရမလဲ.. သမိန်ပေါသွပ် ကာတွန့် စာအုပ်ဖတ်ပြရတော့တာပေါ့.. ။ဒါနဲ့ ပဲ ...တစ်ညလုံးစာ ဖူလုံသွားတာလေ...ညလုံးပေါက် ရဟတ်စီးလိုက်၊ ဗန္ဓုလ ဦးထုပ်တို့ ဓားတို့ ဆောင်းပြီး သူရဲကောင်းကြီးလုပ်လိုက်၊ ပုဇွန်တောင်ဘက်နားက စတိတ်ရှိုးဘက်သွားပြီးလျှောက်အော်လိုက် လည်ပြီး အိပ်လိုက်ကြတာ နောက်နေ့ အိပ်ရာထတော့ ..ညနေ ၆နာရီပေါ့..။ဒါနဲ့ ပဲရေမိုးချိုးလှလှပြင်ပြီး ပွဲဈေးတစ်ခေါက်ရောက်ရပြန်တာပေါ့..။ နောက် ကာတွန်း ဆရာကြီး ဦးဘဂျမ်း အတွက် အမှတ်တရလုပ်တဲ့ တရုတ်တန်းက ကာတွန်းပြပွဲ၊ အဲ့ဒီ့နေ့ ကျရင် သူငယ်ချင်းတွေနဲ့  ၁၉လမ်းဘက်မှာ မုန့် တွေ လျှောက်စားတယ်...ပြီးတော့ လမ်းမတစ်လျှောက် ကျောက်သင်ပုန်းတွေမှာ ကပ်ထားတဲ့ ကာတွန်းတွေကို ဖတ်ရတာ အရမ်းပျော်ဖို့ ကောင်းတာပဲ....။အင်း...ခုတော့အဲလိုနေ့ လေးတွေကိုသတိရလိုက်တာ......။လူဆိုတာ ပြန်မရနိုင်တာကို မှပိုပြီးလွမ်းဆွတ်ကြတယ်တဲ့....။ ကဲ....ခုမှပဲ ..ချွေးတိတ်သွားတယ်....ပေါက်ပေါက်ဆုပ်လေး တက်ထားတာတော့..ရေးပြီးသွားလို့ ပေါ့..

ဆက်ဖတ်...ဆက်ဖတ်...

မိုးတွေရွာနေတယ်...

"မိုးညများမှာ ချစ်ပျောက်ကိုရှာတော့...

ဒီမိုးစက်တွေ နှိပ်စက်ကြအုံး............

မိုးသည်းထဲက..ကိုယ့်..ရဲ့ မျက်ရည်...

ဘယ်သူမှ မတွေ့ ဘူး.............


လွမ်းမိုးတွေသဲ..တုန်းပေါ့...

စာနာနိုင်သူမရှိ...ပြီ..

မအိပ်ဘူးညတွေ ကိုယ့်...တစ်ယောက်ထဲ....

တွေ့ မလားမင်းကို ရှာဖွေ....ခဲ့...


အချိန်တွေဟာကိုယ့်... အတွက်..

ကြောက်ရွံ့ လောက်စရာ ချိန်းခြောက်နေခဲ့....

ရင်ခွင်မှာလျှက်တပြက် မိုးထစ်ချုန်းရွာသဲ...တဲ့....ည....

ကိုယ်နာကျင်သွားခဲ့......ညလေး....ထဲ......


အချစ်မရှိတော့ဘူး....အလွမ်းညလေးများ.....မိုးသည်းည.........

ကိုယ်အိပ်စက်မရဘူး..........ဟူး............"

ဒီနေ့ မနက်မိုးတွေ တအားရွာနေတယ်.....မိုးရေထဲမှာ လမ်းလျှောက်ရင်း အာရုံရတာရွတ်ကြည့်လိုက်တော့ ဒီသီချင်းပဲရှိတယ်...အစအဆုံးလည်းမရတော့ ..အဲ့ဒီ့စာသားကိုပဲ...ထပ်ခါထပ်ခါရွတ်ရတော့တာပေါ့....ဆောင်းရာသီကိုရောက်မရောက်တော့မသိဘူး...မိုးတွေကတော့သဲတုန်း.......

ဆက်ဖတ်...ဆက်ဖတ်...

Wednesday, August 29, 2007

ဘက်ဒေး ကိတ်မုန့် တွေ

မွေးနေ့ မွေးနေ့ .....ဝေး....ဒီနေ့ ကျနော့်မွေးနေ့ ဗျ....အဲ့ဒီတော့လာသမျှလူအားလုံးကို...
ကိတ်မုန့် တွေနဲ့ ဧည့်ခံမဗျ.......
တော်တော်ပင်ပင်ပမ်းပမ်းကြီး ကိုဖုတ်လိုက်ရတယ်....ဗျ ဘာလို့ လဲဆိုတော့ အဲ့ဒီလောက် အများကြီးကို ကျနော့်အိမ်မှာ မလုပ်နိုင်ဘူးလေ......အဲဒီတော့သူများ မုန့် ဖုတ်တဲ့ဆီသွားပြီး အကူအညီတောင်းရတော့တာပေါ့...သူငယ်ချင်းတွေကို ကျွေးချင်တဲ့ စေတနာတွေနဲ့ လေ.....စေတနာဗရပွနဲ့ ပေါ့.....

ဘယ်သူ့ ဆီမှာ သွားလုပ်တာလဲဆိုတော့ ဂုဂဲလ်ကြီးဆီမှာပေါ့...
အဲ့ဒီ့က လူကြီးတွေကလည်း အရမ်းကူညီပါတယ်...တွေ့ တဲ့အတိုင်း လှတပတလေးတွေ ဖြစ်အောင်လုပ်ပေးကြတာပေါ့...
တစ်ချို့ ဆို ဘဒ်ဒေးလက်ဆောင် ဆိုပြီးတော့တောင် ပေးလိုက်ကြသေးတယ်...



































စတော်ဘယ်ရီကိတ် တဲ့
















ကဲစားပြီးသောက်ပြီး ရင်ချောင်သွားအောင်..စတော်ဘရီခရင်လေးလည်းတိုက်အုံးမှာ.....







ဆက်ဖတ်...ဆက်ဖတ်...

© New Blogger Templates | Webtalks